back

အာဆင်နယ်အသင်းကို အနိုင်ကစားနိုင်စွမ်းရှိတယ်လို့ လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့ ကြွေးကြော်လာ

Jan 08 • 6:24 AM

breaking-news

မြန်မာ

ပြည်ပ

cover

အာဆင်နယ်အသင်းကို အနိုင်ကစားနိုင်စွမ်းရှိတယ်လို့ လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့ ကြွေးကြော်လာ

လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က အာဆင်နယ်အသင်းကို သူတို့အသင်း အနိုင်ကစားနိုင်တယ်လို့ ကြွေးကြော်လိုက်ပါတယ်။လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းက ချန်ပီယံဆ...

လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က အာဆင်နယ်အသင်းကို သူတို့အသင်း အနိုင်ကစားနိုင်တယ်လို့ ကြွေးကြော်လိုက်ပါတယ်။လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းက ချန်ပီယံဆုကာကွယ်ဖို့ မဖြစ်နိုင်တော့ပေမယ့် အာဆင်နယ်အသင်းကို အနိုင်ကစားလိုစိတ်မြင့်မားနေပါတယ်။အာနယ်ဆလော့က " အာဆင်နယ်နဲ့ပွဲကိုသာ အနိုင်ရခဲ့ရင် ကျွန်တော်တို့အသင်းရဲ့ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားမျှော်လင့်ချက်တွေအတွက် ပိုပြီးအားတက်စေမှာလည်းဖြစ်ပါတယ်။အာဆင်နယ်ကို ကျွန်တော်တို့အိမ်ကွင်းမှာ အနိုင်ယူပြပြီးပါပြီ။ ကျွန်တော်တို့အသင်းကတခြားအားကောင်းတဲ့အသင်းကြီးတွေကိုလည်း အနိုင်ယူနိုင်စွမ်းရှိပါတယ်" လို့ ပြောခဲ့ပါတယ်။လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်နဲ့ အဆင့် (၄)နေရာက လီဗာပူးလ်အသင်းကြား ရမှတ် (၁၄)မှတ်ကွာဟနေပါတယ်။


news-view-count-icon

55