back

ဒိန်ခဲစားသုံးခြင်းနှင့်ဒီမန်ရှာရောဂါဖြစ်နိုင်ခြေလျော့နည်းခြင်းဆက်စပ်နေကြောင်း (၂၅)နှစ်တာလေ့လာချက်၌တွေ့ရှိ

Jan 08 • 6:16 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ဒိန်ခဲစားသုံးခြင်းနှင့်ဒီမန်ရှာရောဂါဖြစ်နိုင်ခြေလျော့နည်းခြင်းဆက်စပ်နေကြောင်း (၂၅)နှစ်တာလေ့လာချက်၌တွေ့ရှိ

တစ်နေ့ကို ဒိန်ခဲ(ချိစ်) ၅၀ ဂရမ်စားသုံးခြင်းဖြင့် ဒီမန်ရှာရောဂါ ဖြစ်နိုင်ခြေ လျော့ကျခြင်းနဲ့ ဆက်စပ်တယ်လို့ တွေ့ရှိထားပါတယ်။ ဆွီဒင်မှ လူပေါင်း ၂၇,၆၇၀ ကို ၂၅ နှစ...

တစ်နေ့ကို ဒိန်ခဲ(ချိစ်) ၅၀ ဂရမ်စားသုံးခြင်းဖြင့် ဒီမန်ရှာရောဂါ ဖြစ်နိုင်ခြေ လျော့ကျခြင်းနဲ့ ဆက်စပ်တယ်လို့ တွေ့ရှိထားပါတယ်။ ဆွီဒင်မှ လူပေါင်း ၂၇,၆၇၀ ကို ၂၅ နှစ်ကြာအောင် ရေရှည်လေ့လာခဲ့ရာမှာ အဆီပါဝင်မှု ၂၀ ရာခိုင်နှုန်းကျော်တဲ့ ချိစ်တွေကို နေ့စဉ်စားသုံးခြင်းနဲ့ ဒီမန်ရှာရောဂါ ဖြစ်နိုင်ခြေတို့ ဆက်စပ်ပုံကို တွေ့ရှိခဲ့ကြပါတယ်။ အဆီပါဝင်မှုမြင့်မားတဲ့ အစားအစာတွေက ကျန်းမာရေးအတွက် မကောင်းဘူးလို့ ယူဆထားကြပေမယ့် ယခုလေ့လာချက်မှာတော့ အဆီမြင့်မားတဲ့ နို့ထွက်ပစ္စည်းတွေဟာ ဒီမန်ရှာဖြစ်နိုင်ခြေ လျော့ကျနိုင်ဖွယ်ရှိကြောင်း ဆွီဒင် လွန်းတက္ကသိုလ်မှ အာဟာရပညာရှင် အမ်မလီဆိုနက်စ်တက်ဒ်က ပြောပါတယ်။ နှစ်စဉ်နှစ်တိုင်း ဒီမန်ရှာရောဂါ ဖြစ်ပွားလာသူ ၁၀ သန်းခန့်ရှိနေပြီး ၂၀,၅၀ အရောက်မှာ ၁၅၃ သန်းအထိ ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။ စမ်းသပ်လေ့လာချက်ထဲမှာ အဆီမြင့်မားတဲ့ချိစ် တစ်နေ့ကို ၅၀ ဂရမ်ကျော် စားသုံးသူတွေဟာ ၁၅ ဂရမ်အောက်သာ စားသုံးသူတွေထက် ဒီမန်ရှာဖြစ်နိုင်ခြေ ၁၃ ရာခိုင်နှုန်းလျော့နည်းတာ တွေ့ရပါတယ်။



news-view-count-icon

39