စင်ကာပူတွင်၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် ထွက်ပေါ်လာသော သတင်းများအရ စင်ကာပူနိုင်ငံ၏ အထက်တန်းစား ဇိမ်ခံအိမ်ရာနယ်မြေတစ်ခုဖြစ်သည့် Sentosa Cove ရှိ နေအိမ်တစ်အိမ်အတွင်းမှ တန်ဖိုးကြီး Rolex နာရီတစ်လုံးကို ခိုးယူခဲ့သည်ဟု သံသယရှိရသူ အသက် ၃၄ နှစ်အရွယ် စင်ကာပူနိုင်ငံသား အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီ ဖြစ်ပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်ဝန်းကျင်တွင် Ocean Drive လမ်းရှိ လူနေအိမ်ယူနစ်တစ်ခုအတွင်းမှ စင်ကာပူဒေါ်လာ ၅၂,၀၀၀ ခန့် တန်ဖိုးရှိသည့် Rolex နာရီတစ်လုံး ခိုးယူခံရကြောင်း ရဲတပ်ဖွဲ့ထံ တိုင်ကြားချက် ရောက်ရှိလာခြင်းမှ စတင်ခဲ့တာပါ။ထိုသို့ စုံစမ်းရာတွင် ပတ်ဝန်းကျင်ရှိ CCTV မှတ်တမ်းများ၏ အကူအညီဖြင့် ကျူးလွန်သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို တိကျစွာ ဖော်ထုတ်နိုင်ခဲ့ပြီးနောက် ဇန်နဝါရီလ ၇ ရက်နေ့မှာပဲ အဆိုပါ အမျိုးသားကို လက်ရဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဖမ်းဆီးရမိချိန်တွင် နစ်နာသူထံမှ ခိုးယူသွားသော Rolex နာရီကိုလည်း အဆိုပါ အမျိုးသားထံမှ ပြန်လည်သိမ်းဆည်းရမိခဲ့ပါတယ်။ဖမ်းဆီးခံရသူ အမျိုးသားကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် (နေအိမ်အတွင်း ခိုးယူမှု) ဖြင့် တရားရုံးတွင် စွဲချက်တင်သွားမှာ ဖြစ်ပါတယ်။ 
စင်ကာပူတွင် ဒေါ်လာ ၅ သောင်းကျော်တန် Rolex နာရီ ခိုးယူခဲ့သည့် အမျိုးသားကို ရဲတပ်ဖွဲ့မှ ၂၄ နာရီအတွင်း ဖမ်းဆီးရမိ
Jan 08 • 2:23 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


