ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ ဟိုတယ်အခန်းများမှ ဘတ်သိန်းချီတန်ဖိုးရှိ အဖိုးတန်ပစ္စည်းများကို ခိုးယူနေသည့် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးကို CCTV မှတ်တမ်းများအရ ခြေရာခံကာ လတ်ဖရောင်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။လတ်ဖရောင်ရဲစခန်းမှ ရဲမှူးကြီး သာနာဖန် ဖာဒွန်ကန် ဦးဆောင်သည့် ရဲတပ်ဖွဲ့အဖွဲ့သည် အသက် ၃၅ နှစ်အရွယ် မြန်မာနိုင်ငံသား ဂျိုလွန် (Jolon) ကို ဘန်ကောက်မြို့ ဘန်းကပီခရိုင်၊ ခလွန်ချမ်းလမ်းရှိ Asia Hotel အနီးတွင် ဒီဇင်ဘာလ ၆ ရက် ညနေ ၈ နာရီ ၂၀ မိနစ်ခန့်က ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ရဲတပ်ဖွဲ့က သံသယတရားခံအား ဟိုတယ်အခန်းများမှ အဖိုးတန်ပစ္စည်းများ ခိုးယူမှုဖြင့်သာ တရားစွဲဆိုထားပြီး ဥပဒေအရ အရေးယူဆောင်ရွက်ရန် လတ်ဖရောင်ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသတင်းမှာဖော်ပြထားပါသည်။
ထိုင်းနိုင်ငံတွင် ဘတ်သိန်းချီတန်ပစ္စည်းများ ခိုးယူနေသည့် မြန်မာနိုင်ငံသားတစ်ဦးကို လတ်ဖရောင်ရဲတပ်ဖွဲ့ ဖမ်းဆီး
Jan 08 • 2:22 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 29 | 0 | 0 | 0 |


