ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် စိုက်ပျိုးထားသော ငရုပ်သီးများ လက်ရှိအချိန်တွင် ဝယ်သူမရှိသည့်အခြေအနေထိရှိနေသည်။ပြီးခဲ့သည့်နှစ်တွင် ငရုပ်သီးတစ်ပိသာကို ၆ သောင်းထိရှိပြီး ယခုနှစ်တွင် လာရောက်ဝယ်သူမရှိသည့်အပြင် တစ်ပိဿာကို နှစ်သောင်းကျော်သာရရှိကာ ငရုတ်သီးစိုက်တောင်များကလည်း စျေးကောင်းရရှိရန် မျှော်လင့်နေကြသည်။၂၀၂၅ ဒီဇင်ဘာလ အစောပိုင်းတွင် ပင်လောင်းမြို့နယ် အတွင်း နှင်းရည် ရိုက်မှုကြောင့် ဒေသခံများစိုက်ပျိုးထားသည့် ငရုပ်သီးခြံခန့်မှန်းခြေ ဧကနှစ်ထောင်ကျော် ပျက်စီးသွားကြောင်းသိရသည်။ငရုပ်သီးကို ပင်လောင်းမြို့နယ် ပင်ကလရွာ၊ စင်းတောင်း၊နမ်းပန်း၊ရင်းမှီး၊ဥဆောင်၊ပေါင်းလောင်းဒေသတို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။



