ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အိမ်ခြေမဲ့များကို ကူညီစောင့်ရှောက်ပေးနေသော Issarachon Foundation က မြို့ဟောင်းပိုင်း (Old Bangkok) ရှိ လမ်းဘေးပလက်ဖောင်းများကို ညနေပိုင်းတိုင်း ရေပက်ဖြန်း သန့်ရှင်းရေး လုပ်ဆောင်နေမှုအပေါ် ဝေဖန်လိုက်သည်။ အဆိုပါ နေရာများသည် အိမ်ခြေမဲ့များ အိပ်စက် အနားယူလေ့ရှိသော နေရာများ ဖြစ်သောကြောင့် ဖြစ်သည်။ ဖောင်ဒေးရှင်း၏ ထောက်ပြချက် တနင်္လာနေ့ (ဇန်နဝါရီ ၅) က Facebook တွင် တင်ခဲ့သော စာ၌ ဖောင်ဒေးရှင်းက အောက်ပါအတိုင်း မေးခွန်းထုတ်ထားသည်။ "လူအများစု အိပ်စက်ဖို့ ပြန်လာကြတဲ့ ညနေပိုင်းမှ ဘာလို့ ရေဖြန်းရတာလဲ။ အဲဒီမှာ အိပ်တဲ့သူ အများစုက သက်ကြီးရွယ်အိုတွေပါ။" "ကောင်းမွန်တဲ့ မြို့တော်တစ်ခုဆိုတာ သန့်ရှင်းရေးနဲ့ လူ့ဂုဏ်သိက္ခာ ကြားမှာ တစ်ခုကို ရွေးချယ်ခိုင်းတာမျိုး မလုပ်သင့်ပါဘူး။" ဟု ဆိုသည်။



