ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင်ဇန်နဝါရီလ ၆ ရက် မနက်ပိုင်းအချိန်၌ မြတ်တော်ဝင်ဆေးရုံအနီး မိန်းလမ်းပေါ်တွင် လိုင်စင်မဲ့ ဆိုင်ကယ်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက အထူးစစ်ဆေး ဖမ်းဆီးခဲ့ကြောင်း သိရသည်။စစ်ဆေးမှုအတွင်း ရဲကားများ ပါဝင်ခဲ့ပြီး လိုင်စင်မဲ့ဆိုင်ကယ်များနှင့် ကားများကိုပါ စစ်ဆေးခဲ့ကြောင်းလည်း ပြောသည်။ထို့အပြင် မနက်ပိုင်းတွင် စစ်ဆေးမှုများ အများအပြား ပြုလုပ်ခဲ့သော်လည်း နေ့လယ်ပိုင်းတွင်တော့ စစ်ဆေးဖမ်းဆီးမှု မတွေ့ရတော့ကြောင်း ဒေသခံများက ဆိုသည်။



