back

စင်ကာပူ Bishan တွင် လူနေအိမ်ပြတင်းပေါက်နားက ပျားအုံများကြောင့် ဒေသခံများ စိုးရိမ်နေရ

Jan 07 • 2:48 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူ Bishan တွင် လူနေအိမ်ပြတင်းပေါက်နားက ပျားအုံများကြောင့် ဒေသခံများ စိုးရိမ်နေရ

စင်ကာပူနိုင်ငံ၊ Bishan ဒေသမှာ နေထိုင်တဲ့ Ho ဆိုသူ အမျိုးသမီးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၃) ရက်နေ့က သူမနေထိုင်ရာ Block 221 Bishan Street 23 ရဲ့ ဒုတိယထပ် မီးဖိုချော...

စင်ကာပူနိုင်ငံ၊ Bishan ဒေသမှာ နေထိုင်တဲ့ Ho ဆိုသူ အမျိုးသမီးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၃) ရက်နေ့က သူမနေထိုင်ရာ Block 221 Bishan Street 23 ရဲ့ ဒုတိယထပ် မီးဖိုချောင်ပြတင်းပေါက်အပြင်ဘက်မှာ ကြီးမားတဲ့ ပျားအုံကြီးတစ်ခုကို တွေ့ရှိခဲ့ရတာကြောင့် အတော်လေးကို စိုးရိမ်ထိတ်လန့်သွားခဲ့ရပါတယ်။ အဆိုပါဒေသဟာ သစ်ပင်ပန်းမန်တွေနဲ့ စိမ်းလန်းစိုပြည်တာကြောင့် သဘာဝဂေဟစနစ်အတွက် ကောင်းမွန်တယ်ဆိုပေမဲ့ အခုလို လူနေအိမ်ခြေတွေနဲ့ ကပ်လျက်မှာ ပျားအုံတွေရှိနေတာဟာ အန္တရာယ်ရှိနိုင်သလို အထူးသဖြင့် လေပြင်းတိုက်ခတ်တဲ့အချိန်တွေမှာ ပျားတုပ်ခံရမှာကို ဒေသခံတွေက ကြောက်ရွံ့နေကြတာပါ။ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းပေးပို့ခဲ့တဲ့ Ho ရဲ့ အဆိုအရ Bishan-Toa Payoh Town Council က ဇန်နဝါရီလ (၄) ရက်နေ့မှာပဲ ပျားအုံကို လာရောက်ဖယ်ရှားပေးခဲ့တယ်လို့ သိရပါတယ်။ Town Council အနေနဲ့ အခုလို သတင်းပေးပို့ချက်တွေကို အမြန်ဆုံး လာရောက်ဖြေရှင်းပေးလေ့ရှိတာကို ကျေနပ်မိပေမဲ့လည်း အခုတစ်ကြိမ်ဟာ ပထမဆုံးအကြိမ်မဟုတ်သလို နောက်ဆုံးအကြိမ်လည်း ဖြစ်မှာမဟုတ်ဘူးလို့ သူမက ခန့်မှန်းထားပါတယ်။

news-view-count-icon

24