back

မြန်မာအလုပ်သမားများအား ငွေညစ်သည့် ထိုင်းရဲကို ရဲစခန်းတိုင် နစ်နာကြေးများပြန်ရ

Jan 07 • 2:35 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

မြန်မာအလုပ်သမားများအား ငွေညစ်သည့် ထိုင်းရဲကို ရဲစခန်းတိုင် နစ်နာကြေးများပြန်ရ

ထိုင်းနိုင်ငံ၊ စမူပကန်ရှိ ဘန်ပိုဒေသတွင် မြန်မာအလုပ်သမားရှိရာ အခန်းတွင်းထိဝင်ပြီး ဖုန်းစစ် ငွေညှစ်ခဲ့သည့် ရဲအား ဘန်ပိုရဲစခန်း၌ သွားရောက်တိုင်ကြားကာ ဖြေရှင်းခဲ့ကြ...

ထိုင်းနိုင်ငံ၊ စမူပကန်ရှိ ဘန်ပိုဒေသတွင် မြန်မာအလုပ်သမားရှိရာ အခန်းတွင်းထိဝင်ပြီး ဖုန်းစစ် ငွေညှစ်ခဲ့သည့် ရဲအား ဘန်ပိုရဲစခန်း၌ သွားရောက်တိုင်ကြားကာ ဖြေရှင်းခဲ့ကြောင်း UFF အလုပ်သမားကူညီရေးအဖွဲ့က ယနေ့ထုတ်ပြန်သည်။ မြန်မာအလုပ်သမား စုစုပေါင်း(၈)ဦးသည် ငွေညှစ်ခံခဲ့ရပြီး အချို့မှာ ယခင် ၄ လမှ ၆ လအတွင်း ငွေညှစ်ခံခဲ့ရကြောင်းသိရသည်။ UFF အဖွဲ့က ယခင်နှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဘန်ပိုပလိပ်ရုံး၌ သွားရောက်ဖြေရှင်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ ရဲအရာရှိမှ ပြန်လည်တောင်းပန်ပြီး ထပ်မဖြစ်စေရန်ကတိပေးခဲ့ကာ အလုပ်သမားများ၏ နစ်နာကြေးများ ပြန်လည်ရယူနိုင်ခဲ့ကြောင်း UFF အဖွဲ့ကထုတ်ပြန်သည်။

news-view-count-icon

61