ထိုင်းနိုင်ငံ၊ ချာချင်ဆောင်ခရိုင်ရှိ အီလက်ထရောနစ်စက်ရုံတစ်ခုတွင် အလုပ်လုပ်နေသည့် မြန်မာလုပ်သား ၅၄ ဦးသည် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ရုတ်တရက် အလုပ်ထုတ်ပယ်ခံခဲ့ရကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါလုပ်သားများသည် စက်ရုံသို့ဝင်ရောက်ရန် ပွဲစားခ (ဝန်ဆောင်ခ) အဖြစ် တစ်ဦးလျှင် ၈,၅၀၀ ဘတ်မှ ၁၀,၅၀၀ ဘတ်အထိ ပေးဆောင်ခဲ့ရသူများဖြစ်ပြီး လုပ်သက် ၂ လမှ ၈ လအတွင်းသာ ရှိသေးသူများဖြစ်သည်။ စက်ရုံဘက်က အော်ဒါမရှိဟုဆိုကာ အလုပ်ထုတ်ပစ်ခဲ့ခြင်းဖြစ်ပြီး ကြားစပ်ကုမ္ပဏီ (အေးဂျင့်) ကလည်း တာဝန်ယူဖြေရှင်းပေးခြင်းမရှိသည့်အပြင် အထောက်အထားဆိုင်ရာ အခက်အခဲများပါ ရင်ဆိုင်နေရသဖြင့် ထိုက်သင့်သည့် နစ်နာကြေးရရှိရန် ယနေ့ (ဇန်နဝါရီ ၆ ရက်) တွင် သက်ဆိုင်ရာ အလုပ်သမားရုံး (ဆဝါဒီကန်) ၌ သွားရောက်ဖြေရှင်းရန် စီစဉ်ထားကြောင်း သိရှိရပါသည်။
Jan 06 • 6:31 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


