ကမ္ဘောဒီးယားမှာ လစာကောင်းတဲ့အလုပ်ရမယ်ဆိုပြီး လိမ်လည်လှည့်စားခံရတဲ့ နာမည်ကြီး တရုတ်အင်ဖလူရန်ဇာတစ်ဦးကို ကမ္ဘောဒီးယားမှာ မနေ့က ပြန်လည်ရှာတွေ့ခဲ့ပါတယ်။ သူ့ကိုတွေ့ချိန်မှာ လက်ထဲ ဓာတ်မှန်ရိုက်တာကြီး ကိုင်ထားတာဖြစ်ပြီး လမ်းသွား လမ်းလာတွေကို တောင်းစားရင်း ဆေးဖိုးစရိတ်တောင်းခံနေတာပါ။ သူ့ရဲ့ ဒူး ဒဏ်ရာအတွက် ဆေးဖိုးတောင်းခံနေတာလို့ပြောပါတယ်။ သူ့ကိုတွေ့ရှိချိန်မှာ ပိန်လှီနေပြီး အဝတ်အစားနဲ့ အပြင်အဆင်ကလည်း စုတ်ပြတ်နေတာပါ။ အွန်လိုင်းမှာတော့ သူက စိတ်ပါဖောက်သွားပြီလို့ သုံးသပ်နေကြပါတယ်။ထိုအမျိုးသမီးဟာ Wu Mouzhenဖြစ်ပြီး ဖော်လိုဝါ ၂၄၀၀၀ ကျော်ရှိတဲ့ နာမည်ကြီး အင်ဖလူရန်ဇာတစ်ဦးဖြစ်ပါတယ်။ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာ ၂၆ ကတည်းက သူ့မိသားစုနဲ့ အဆက်သွယ်ပြတ်သွားတာဖြစ်ပြီး အခုမှပဲ ပြန်တွေ့တာပါ။ သူဟာ ကမ္ဘောဒီးယားကို ၂၀၂၅ ဧပြီကတည်းက ရောက်လာတာဖြစ်ပြီး အလုပ်ကောင်းကောင်းရမယ်လို့ အလိမ်တိုးမိတာဖြစ်ပြီး ဒီဘက်ရောက်မှ ဘာအလုပ်မှမရှိဘဲ သူတောင်းစား ဘဝရောက်သွားတာပါ။ သူ့ကို တရုတ်သံရုံးက ရှာဖွေကယ်တင်ခဲ့ပြီး နောက်ထပ် တရုတ်လူမျိုးတွေကိုလည်း ကျားဖြန့် အလိမ်မိမှာစိုးလို့ အလုပ်လျှောက်လွှာတွေကို သေချာလျှောက်ဖို့နဲ့ နယ်စပ်ဒေသတွေမှာလုပ်ရမယ်ဆို ရှောင်ရှားဖို့ တိုက်တွန်းထားပါတယ်။ Wu ကိုတော့လက်ရှိမှာ ဆေးရုံပြောင်း ကုသပေးနေပြီး သိပ်မကြာခင်မှာ မိသားစုက လာခေါ်သွားမှာဖြစ်ပါတယ်။



