ဂျာမနီနိုင်ငံ Neu-Ulm မြို့၌ ဇန်နဝါရီ ၄ ရက်တွင် ကျင်းပခဲ့သည့် ဂျာမန်ဖလား ဗိုလ်လုပွဲတွင် တရုတ်နိုင်ငံ စားပွဲတင်တင်းနစ်အကျော်အမော် ဖန်ကျန့်တုန်း က 1. FC Saarbrucken Tischtennis အသင်းအား TTC RhonSprudel Fulda-Maberzell အသင်းကို ရမှတ် ၃-၁ ဖြင့် အနိုင်ရရှိစေပြီးနောက် ၎င်း၏ ပထမဆုံး ပြည်ပကလပ်အသင်း ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ပွဲအစတွင် ဖန် က Dimitrij Ovtcharov ကို ရမှတ် ၃-၀ ဖြင့် အနိုင်ရရှိကာ Saarbrucken အား ဦးဆောင်နိုင်စေခဲ့သည်။ ထို့နောက် အသင်းခေါင်းဆောင် Patrick Franziska က Ruwen Filus ကို ရမှတ် ၃-၂ ဖြင့် ရှုံးနိမ့်ပြီးနောက် Saarbrucken အသင်းသည် မုန့်ဖန်ပေါ ကို ရမှတ် ၃-၀ ဖြင့် Darko Jorgic ၏ အနိုင်ရရှိမှုနှင့်အတူ ပြန်လည်ဦးဆောင်ခဲ့ပြီး ဖန် က Filus ကို ရမှတ် ၃-၀ ဖြင့်အနိုင်ရကာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
Jan 06 • 1:59 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 23 | 0 | 0 | 0 |


