ထိုင်းနိုင်ငံ ဘန်ကောက်ကနေ နခွန်ရက်ချ်စီမာကို ဆက်သွယ်ထားတဲ့ အမြန်ရထားစီမံကိန်းကို မြေကိစ္စအဆင်မပြေဖြစ်နေလို့ နဂို ဖွင့်လှစ်ဖို့ ရည်ရွယ်ထားတဲ့ ၂၀၂၉ ကနေ ၂၀၃၀ နောက်တစ်နှစ်ထပ်ဆုတ်လိုက်ပြီလို့ State Railway of Thailand (SRT) က ကြေညာလိုက်ပါတယ်။ အခုလိုရွှေ့ပေမယ့် နခွန်ရက်ချ်စီမာကနေ နောင်ခိုင်းအထိကိုတော့ အမြန်ပြီးစီးအောင် ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။လက်ရှိဖြစ်နေတဲ့ ပြဿနာက မြေကိစ္စနဲ့ လေဆိပ် ၃ ခုကြားဆက်သွယ်တဲ့ High Speed Rail Link လမ်းကြောင်း တို့ကြောင့်ဖြစ်ပြီး ဒီရထားက လေဆိပ် ၃ ခု- ဒွန်မောင်း၊ သုဝဏ္ဏဘူမိနဲ့ U-Tapao တို့ကို ဆက်သွယ်ထားတဲ့ အမြန်ရထားလမ်းနဲ့ ထပ်တူကျနေလို့ ဥပဒေပိုင်းတွေ၊ စာချုပ်စာတမ်းပိုင်းတွေမှာ ပြဿနာတက်နေတာပါ။ဒါ့အပြင် နောက်ထပ် Ayuttahaya Historical Park လို့ခေါ်တဲ့ UNESCO အမွေအနှစ်နားမှာလည်း ရထားလမ်း၊ ဘူတာဆောက်လုပ်ရတာ UNESCO ရဲ့ လမ်းစဥ်နဲ့ အညီလုပ်နေရတာဖြစ်တဲ့အတွက် ကြန့်ကြာနေတာဖြစ်ပါတယ်။
| 17 | 0 | 0 | 0 |


