back

ရန်ကုန်အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ မောင်မောင်လွင်

Jan 06 • 1:54 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ရန်ကုန်အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ မောင်မောင်လွင်

ထိုင်းလိဂ်-၁ကလပ် လမ်ဖွန်ဝါရီယာအသင်းကနေ မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်ကို အငှားနဲ့ပြောင်းရွှေ့ခဲ့တဲ့ မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်ဟ...

ထိုင်းလိဂ်-၁ကလပ် လမ်ဖွန်ဝါရီယာအသင်းကနေ မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်ကို အငှားနဲ့ပြောင်းရွှေ့ခဲ့တဲ့ မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်ဟာ ရန်ကုန်နဲ့အတူ လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ကစားသမားမောင်မောင်လွင်ဟာ လက်ရှိမှာတော့ လိဂ်ပွဲစဥ်တွေ ဝင်ကစားခွင့်မရသေးဘဲ ဒုတိယအကျော့မှသာ ပါဝင်ကစားနိုင်မှာ ဖြစ်ပါတယ်။ မောင်မောင်လွင်ဟာ မိသားစုကျန်းမာရေးကိစ္စကြောင့် လမ်ဖွန်ဝါရီယာကနေ ရန်ကုန်ယူနိုက်တက်ကို (၅)လ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားနေတာဖြစ်ပါတယ်။ မောင်မောင်လွင်အနေနဲ့ လမ်ဖွန်ဝါရီယာနဲ့ သုံးနှစ်စာချုပ် သက်တမ်းတိုးထားပြီး လက်ရှိအနေအထားအရ စာချုပ်သက်တမ်း နှစ်နှစ်ခွဲ ကျန်ရှိနေသေးပါတယ်။

news-view-count-icon

61