back

ထိုင်းမှာ အွန်လိုင်းက မှာသမျှ ပစ္စည်းတွေအတွက် အခွန်ကောက်ခံနေပြီဖြစ်

Jan 06 • 1:54 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းမှာ အွန်လိုင်းက မှာသမျှ ပစ္စည်းတွေအတွက် အခွန်ကောက်ခံနေပြီဖြစ်

၂၀၂၆ ဇန်နဝါရီ (၁) ရက်နေ့က စတင်ပြီး ထိုင်းနိုင်ငံမှာ ဝယ်သမျှ၊ သွင်းသမျှ ပစ္စည်းတွေကို ၁ ဘတ်ကစလို့ အခွန်စကောက်နေပါပြီ။ အစိုးရပြောရေးဆိုခွင့်ရှိသူ Lalida ရဲ့အဆိုအရ...

၂၀၂၆ ဇန်နဝါရီ (၁) ရက်နေ့က စတင်ပြီး ထိုင်းနိုင်ငံမှာ ဝယ်သမျှ၊ သွင်းသမျှ ပစ္စည်းတွေကို ၁ ဘတ်ကစလို့ အခွန်စကောက်နေပါပြီ။ အစိုးရပြောရေးဆိုခွင့်ရှိသူ Lalida ရဲ့အဆိုအရ အရင်ကဆို ဘတ် ၁၅၀၀ အောက် ပစ္စည်းတွေကိုအခွန်ကင်းလွတ်ခွင့်ပေးထားရာကနေ ရပ်ဆိုင်းပြီး အခွန်ကောက်တာ စတင်လိုက်တာပါ။ အခုလို အခွန်ကြောင့် ဈေးနှုန်း မညီမျှတာတွေနည်းသွားမှာဖြစ်ပြီး ဈေးအရမ်းသက်သာတာတွေ ထိုင်းကို ဝင်လာရင်လည်း Local Product တွေနဲ့ ဈေးမဟတော့ ပိုပြီး ပြိုင်ဆိုင်မှုပြင်းထန်၊ မျှတတဲ့ ဈေးကွက် အခြေအနေကို ဖန်တီးပေးလိုက်သလိုဖြစ်သွားပါတယ်။ ဖက်ရှင်နဲ့ အဝတ်အထည်ဆိုရင် အရင်ကထက် ဈေး 20-30% အထိ တက်လာမှာဖြစ်ပြီး၊ ကျန်တဲ့ ထုတ်ကုန်တွေကလည်း အမျိုးအစားပေါ်လိုက်ပြီး အခွန်နှုန်း၊ ဈေးနှုန်းကမတူဘဲ သူ့ဟာသူရှိိနေမှာ ဖြစ်ပါတယ်။

news-view-count-icon

15