မြန်မာနိုင်ငံ၌ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာ အခြေခံပညာသင်ယူခွင့် ဆုံးရှုံးနေရတဲ့ ကျောင်းနေအရွယ်ကလေးငယ် ခုနှစ်သန်းဝန်းကျင်ရှိနိုင်တယ်လို့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။၂၀၁၉ ကြားဖြတ်သန်းခေါင်စားရင်းနဲ့ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ UNFPA ရဲ့ အခြေခံထုတ်ပြန်ချက်အပေါ်မှာ အခြေခံတွက်ချက်ခဲ့ရာမှာ ကျောင်းနေအရွယ်ကလေးငယ် ၅၃ ရာခိုင်နှုန်းဟာ ပညာသင်ယူခွင့် ဆုံးရှုံးနေရတယ်လို့ ဆိုထားပါတယ်။ထို့အပြင် ယခုကာလ၌ စစ်မက်နဲ့ပဋိပက္ခ၊ ကျဆင်းလာတဲ့စီးပွားရေး အခြေအနေနဲ့ စီးပွားရေး မပြေလည်ခြင်း၊ ဝင်ငွေထွက်ငွေ မမျှတခြင်းတွေဟာ ကလေးငယ်တွေကျောင်းတက်ဖို့ အခက်အခဲဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။



