ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ကျက်သရေဆောင် ရွှေတိဂုံစေတီတော်၌ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ တရားပွဲကို ဇန်နဝါရီလ ၈ ရက်နေ့၊ ညနေပိုင်းတွင် ကျင်းပသွားမည်ဖြစ်သည်။အဆိုပါတရားပွဲကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မြို့၊ မင်းကျောင်းပထမပြန် စာသင်တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက ဓမ္မတရားတော်များ ချီးမြှင့်ဟောကြားသွားမည်ဖြစ်ပြီး တရားနာ မိဘပြည်သူများ အနေဖြင့် မည်သူမဆို လာရောက်တရားနာနိုင်ကြောင်းနှင့် ဓမ္မမိတ်ဆွေ အလှူရှင်များ ကုသိုလ်ပြု လှူဒါန်းနိုင်ကြောင်း သိရသည်။


