သန်လျင်၊သီဟဒီပကွင်း၌ ယနေ့ကျင်းပခဲ့သည့် Myanmar National League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-11) ပွဲစဉ်တွင် ဒဂုံစတားယူနိုက်တက်အသင်းက ရခိုင်ယူနိုက်တက်အသင်းကို ရန်ကျော်ထွေး၊ ထက်ဖြိုးဝေတို့၏ သွင်းဂိုးများဖြင့် နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး ယင်းပွဲစဉ်၏ AYA Pay Man of The Match အကောင်းဆုံးကစားသမားဆုကို ဒဂုံစတားယူနိုက်တက်အသင်းခေါင်းဆောင်ရန်နိုင်ဦးက ရရှိခဲ့သည်။ AYA Pay အကောင်းဆုံးကစားသမားဆုတံဆိပ်နှင့် ဆုငွေကျပ် သုံးသိန်းကို ဒဂုံစတားယူနိုက်တက်အသင်းဥက္ကဌ ဦးတင်မိုးနိုင်က ချီးမြှင့်ပေးခဲ့သည်။



