back

မီဇိုရမ်မှာ မြန်မာနိုင်ငံသားနှစ်ဦး ဘိန်းဖြူများနဲ့အတူဖမ်ဆီးခံရ

Jan 05 • 4:00 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

မီဇိုရမ်မှာ မြန်မာနိုင်ငံသားနှစ်ဦး ဘိန်းဖြူများနဲ့အတူဖမ်ဆီးခံရ

မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်ထဲမှာ မြန်မာနိုင်ငံသား ၂ဦးကို ဘိန်းဖြူများနဲ့အတူ ကျန်ဖိုင်ခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။အဆိုပါ မြန်မာနိုင်ငံသား ၂ဦ...

မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်ထဲမှာ မြန်မာနိုင်ငံသား ၂ဦးကို ဘိန်းဖြူများနဲ့အတူ ကျန်ဖိုင်ခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။အဆိုပါ မြန်မာနိုင်ငံသား ၂ဦးကို ဇန်နဝါရီလ ၃ ရက်၊ နေ့လယ် ၁၂ နာရီ ၁၀ မီနစ်မှာ ကျန်ဖိုင်ခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြတာ ဖြစ်ပါတယ်။ဖမ်းဆီးခံမြန်မာနိုင်ငံသားများဟာ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခေါမွေးကျေးရွာဒေသခံများဖြစ်ကြတဲ့ ဗန်ရိုကျုံးနာ ( Vanrochunga)အသက် ၂၈ နှစ်နဲ့ ဘွေလျန်ကျဲအို ( Bawilianchiau) အသက် ၂၈ နှစ်တို့ဖြစ်ကာ သူတို့ ၂ဦးထံကနေ ဘိန်းဖြူ ဆပ်ပြာဗူး ၈ ဗူး၊ ၉၆ ဂရမ်ကိုဖမ်းဆီးခဲ့တာလို့ သိရပါတယ်။အဆိုပါမြန်မာနိုင်ငံသား ၂ဦးကို မူးယစ်ဆေးနဲ့စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများအက်ဥပဒေဖြင့် အမှုဖွင့် ထားတယ်လို့ သိရပါတယ်။



news-view-count-icon

29