back

နေပြည်တော်တွင် ဘုရားပန်းဈေးကြီးလာသဖြင့် တာရှည်ခံပန်းများဘက် ဝင်ငွေနည်းလူတန်းစား ဦးလှည့်လာ

Jan 05 • 4:45 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်တွင် ဘုရားပန်းဈေးကြီးလာသဖြင့် တာရှည်ခံပန်းများဘက် ဝင်ငွေနည်းလူတန်းစား ဦးလှည့်လာ

နေပြည်တော်ဈေးများတွင် ဘုရားပန်းများဈေးကြီးသဖြင့် ဝန်ထမ်းများနှင့် ဝင်ငွေနည်းအခြေခံလူတန်းစားမှာ ဇော်စိမ်း၊ဇော်ကျား စသည့် တာရှည်ခံပန်းဘက်လှည့်ကာ ဝယ်ယူသူများလာကြော...

နေပြည်တော်ဈေးများတွင် ဘုရားပန်းများဈေးကြီးသဖြင့် ဝန်ထမ်းများနှင့် ဝင်ငွေနည်းအခြေခံလူတန်းစားမှာ ဇော်စိမ်း၊ဇော်ကျား စသည့် တာရှည်ခံပန်းဘက်လှည့်ကာ ဝယ်ယူသူများလာကြောင်း ပန်းစျေးသည်များထံမှ သိရသည်။ “ဘုရားပန်းဈေးကလည်း အခြားကုန်ဈေးနှုန်းကြီးသလိုမျိုးလိုက်ကြီးနေတာ။ သာမန်အခြေခံလူတန်းစားတွေအတွက် ပန်းဈေးတွေကြီးတော့ ဈေးနည်းတာရှည်ခံပန်းတွေဘဲဝယ်လှူတာများလာတယ်။အလှပန်းတွေက ဈေးကြီးပြီးအလွန်ဆုံး(၃ရက်၊၄ရက်)ဘဲခံတော့ တာရှည်ခံအောင် သပြေငုတ်၊ ဇော်စိမ်း၊ဇော်ကျားနဲ့ ရွက်လှလို အညွန့်ပန်းတွေ ဝယ်ကြတာများတယ်။ အဲဒီပန်းတွေက ရေမှန်မှန်လဲပေးရင် အနည်းဆုံးတစ်လလောက် အသာလေးခံတယ်”ဟု ပန်းဝယ်သူတစ်ဦးမှပြောသည်။နေပြည်တော်ပန်ဈေးကွက်တွင်ရှမ်းပြည်နယ်ဖက်ကဝင်သည့် နှင်းဆီ၊ဂန္ဓမာ၊မေမြို့ပန်းများမှာ (၁၀)ပွင့်ပါ တစ်စီးလျှင်(၅,၀၀၀/၆,၀၀၀)ရောင်းကြပြီး အညွန့်ပန်းဖြစ်သည့်သပြေမှာ သပြေငုတ်တစ်ငုတ်လျှင်(၁,၀၀၀မှ၅,၀၀၀) ၊ငုတ်အရွယ်အစားပေါ်မူတည်၍ရောင်းကြသည်ဟု သိရသည်။

news-view-count-icon

171