back

မြန်မာ့မတ်ပဲဈေး အိန္ဒိယပွဲတော် အချို့ကြောင့်အနည်းငယ် တက်လာနိုင်

Jan 05 • 4:30 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာ့မတ်ပဲဈေး အိန္ဒိယပွဲတော် အချို့ကြောင့်အနည်းငယ် တက်လာနိုင်

ဇန်နဝါရီလအတွင်း အိန္ဒိယနိုင်ငံတွင် ပြုလုပ်ကြမည့် ပွဲတော်အချို့ကြောင့် မတ်ပဲအဝယ်လိုက်လာပြီး ဈေးအနည်းငယ် တက်လာနိုင်ကြောင်း ကုန်သည်အချို့က ခန့်မှန်းထားပါသည်။လက်ရှိ...


ဇန်နဝါရီလအတွင်း အိန္ဒိယနိုင်ငံတွင် ပြုလုပ်ကြမည့် ပွဲတော်အချို့ကြောင့် မတ်ပဲအဝယ်လိုက်လာပြီး ဈေးအနည်းငယ် တက်လာနိုင်ကြောင်း ကုန်သည်အချို့က ခန့်မှန်းထားပါသည်။လက်ရှိ အိန္ဒိယနိုင်ငံ၏ မတ်ပဲဈေးကွက်အနေဖြင့် စျေးအတက်အကျ သိပ်မများသော်လည်း ပုံမှန်ထက် ဈေးကွက် အနည်းငယ် လှုပ်ရှားလာကြောင်း သိရပါသည်။“ပြည်တွင်း မတ်ပဲဝယ်လိုအားက လျော့ကျနေပေမဲ့ ခရစ္စမတ်နဲ့ နှစ်သစ်ကူး အားလပ်ရက်တွေကြောင့် ဈေးငြိမ်ပြီး တင်သွင်းမှုလုပ်ငန်းက အေးနေတယ်။ FOB ဈေးလည်း အပြောင်းအလဲ မရှိသလောက် ငြိမ်နေတယ်။ ဇန်နဝါရီလ ရောက်ရင်တော့ အိန္ဒိယမှာ ပွဲတော်တချို့ ရှိတော့ စျေးအနည်းငယ်တော့ တက်နိုင်ပါတယ်။ အခုအပတ် ၁၇ သိန်းအထပ် ပြန်ရောက်လာတယ်” ဟု ပဲကုန်သည်တစ်ဦးက ပြောသည်။


news-view-count-icon

82