ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့ရှိ နာမည်ကျော် အသည်းနှလုံးရေကန်လို့ခေါ်ကြတဲ့ ရိဒ်ရေကန်တွင် မကြာသေးမီရက်များအတွင်း ရေကန်ရေအရောင် ပြောင်းလဲမှုကို တွေ့ရှိရပြီးဒေသခံများနဲ့ လူမှုကွန်ယက် အသုံးပြုသူများအကြား စိတ်ဝင်စားမှုမြင့်တက်လျက်ရှိနေကြောင်း သိရှိရပါတယ်။လက်ရှိချိန်တွင် ရေအရောင်ပြောင်းလဲလာတာ ၃ရက်ခန့်ရှိပြီဖြစ်ပြီး ရေနောက်သွားသည့် အခြေအနေဖြစ်ကြောင်း၊ ဒါ့အပြင် ယခုကာလတွင် ငါးသားပေါက်ရာသီ ဖြစ်သဖြင့် အဆိုပါကာလတွင် ယခုကဲ့သို့ ရေအရောင်ပြောင်းလဲမှုများ ဖြစ်ပေါ်တတ်ကြောင်းလည်း ဒေသခံတဦးထံမှ သိရှိရပါတယ်။အဆိုပါ ရိဒ်ရေကန်ဟာ ချင်းလူမျိုးများအတွက် ယဉ်ကျေးမှု၊ ဒဏ္ဍာရီနဲ့ဆက်နွယ်နေသော အရေးပါတဲ့ ရေကန်တခု ဖြစ်သဖြင့် ယခုလို ရေအရောင်းပြောင်းလဲလာမှုအပေါ် လူအများ စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာြခင်း ဖြစ်ကြောင်းလည်း တွေ့ရှိရပါတယ်။



