back

ဗိုလ်ချုပ်ပန်းခြံကို လူနေဆိုင်ခန်းတွဲဆောက်လုပ်ရန် တောင်ကြီးစည်ပင်က စီစဉ်နေ

Jan 03 • 12:39 PM

breaking-news

မြန်မာ

ရှမ်း

cover

ဗိုလ်ချုပ်ပန်းခြံကို လူနေဆိုင်ခန်းတွဲဆောက်လုပ်ရန် တောင်ကြီးစည်ပင်က စီစဉ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အများပြည်သူအပန်းဖြေရန် တစ်နေရာသာကျန်ရှိသည့် ဗိုလ် ချုပ် ပန်းခြံကို လူနေဆိုင်ခန်းတွဲများဆောက်လုပ် ရန် ပြီးခဲ့သည့် ၂၀၂၅ ခုနှ...

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အများပြည်သူအပန်းဖြေရန် တစ်နေရာသာကျန်ရှိသည့် ဗိုလ် ချုပ် ပန်းခြံကို လူနေဆိုင်ခန်းတွဲများဆောက်လုပ် ရန် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်နိုဝင်ဘာ ၅ ရက်နေ့က ဆောက်လုပ်ခွင့်ရရှိရန် ပြည်နယ်အစိုးရကို စာတင်ထားကြောင်းသိရသည်။ဗိုလ်ချုပ်ပန်းခြံအတွင်း အဆောက်အဦ ဆောက် လုပ်ရေးလုပ်ငန်းများကို စည်ပင်နှင့်ရှမ်းချယ်ရီတောင်တန်း ဆောက်လုပ်ရေးကုမ္ပဏီက အကျိုးတူပူးပေါင်းလုပ်ဆောင်ရန်ဖြစ်ကြောင်းသိရသည်။လူနေဆိုင်ခန်းတွဲဆောက်လုပ်မည့်အစီစဉ်ကို ပြည်သူလူထုမှသိရှိခြင်းမရှိပဲ ခေတ်ပျက်ကာလကို အခွင့်ကောင်းယူပြီး စည်ပင်က လုပ်စားနေကြောင်း ဒေသခံကဆိုဝေဖန်ပြောဆိုကြသည်။




news-view-count-icon

38