back

ရှန်ပိန်ပုလင်းများပေါ်မှ မီးပန်းများကြောင့် ဆွစ်ဇာလန်ဘား မီးလောင်ခဲ့ဖွယ်ရှိ

Jan 03 • 7:56 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရှန်ပိန်ပုလင်းများပေါ်မှ မီးပန်းများကြောင့် ဆွစ်ဇာလန်ဘား မီးလောင်ခဲ့ဖွယ်ရှိ

ရှန်ပိန်ပုလင်းများပေါ်တွင် မီးပန်းများစိုက်ထားပြီး ၎င်းတို့ကို မီးလောင်လွယ်သော ပစ္စည်းများ တပ်ဆင်ထားသည့် မျက်နှာကျက်ဆီသို့ အလွန်နီးကပ် စေခဲ့ခြင်းကြောင့် ဆွစ်ဇာလ...

ရှန်ပိန်ပုလင်းများပေါ်တွင် မီးပန်းများစိုက်ထားပြီး ၎င်းတို့ကို မီးလောင်လွယ်သော ပစ္စည်းများ တပ်ဆင်ထားသည့် မျက်နှာကျက်ဆီသို့ အလွန်နီးကပ် စေခဲ့ခြင်းကြောင့် ဆွစ်ဇာလန် ရေခဲပြင် လျှောစီးအပန်းဖြေ စခန်းမှ မီးလောင်မှု စတင်ခဲ့ဖွယ်ရှိသည်ဟု အာဏာပိုင်များက ပြောကြားကြသည်။ခရန်းစ်မွန်တာနာဒေသတွင် နှစ်သစ်ကူးနေ့ သန်း ခေါင်ကျော်တွင် လောင်ကျွမ်းခဲ့သော မီးကြောင့် လူပေါင်း ၄၀ ဦး သေဆုံးခဲ့ပြီး ၁၁၉ ဦး ဒဏ်ရာရရှိခဲ့သည်။ဘားတွင် အသုံးပြုထားသော ပစ္စည်းများ၊ မီးဘေးကင်းရှင်းရေး အစီအစဉ်များ၊ ဝင်ဆန့်နိုင်သောပမာဏ နှင့် မီးလောင်ချိန်တွင် ရောက်ရှိနေသော လူပမာဏ စသောအချက်များကို အဓိကထား စစ်ဆေးသွားမည်ဟု ဗယ်လေ့စ် ဒေသ ရှေ့နေချုပ် ဘက်ထရစ်ပီးလာ့ဒ်က ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်ရန် လိုအပ်ပါက ၎င်းတို့ကို ဖမ်းဆီး အရေးယူသွားမည် ဖြစ်ကြောင်း မစ္စဘက် ထရစ်က ဆက်ပြောသည်။ရှန်ပိန်ပုလင်းများပေါ်တွင် မီးပန်းများ သို့မဟုတ် မီးပန်းထွက်ဖယောင်းတိုင်များ တပ်ဆင်ထားပြီး ၎င်းတို့ကို မျက် နှာကျက်နှင့် ထိမိစေခဲ့ရာမှ မီးလောင်မှုစတင်ပြီး လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်ဟု ယုံကြည်ရကြောင်း ရှေ့နေချုပ်က ဆက်ပြောသည်။သေဆုံးသူများကို မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ရေးကို တာဝန်ရှိသူများက လုပ်ဆောင်နေကြပြီး ၎င်းတို့၏ ဦးစားပေးကိစ္စလည်းဖြစ်ကြောင်း ရဲမှူးကြီး ဖရက်ဒရစ်ဂစ်စလာ က ပြောသည်။မီးလောင်မှုကြောင့် ဒဏ်ရာရရှိခဲ့သူ အများအပြားသည် စိုးရိမ်ရသော အခြေအနေတွင် ရှိပြီး အသက်ရှင်ရန် တိုက်ပွဲ ဝင်နေကြရသည်ဟု ဗယ်လေ့စ် ဒေသအကြီးအကဲ မာသီးယက်စ်ရေးနာ့ဒ်က ပြောသည်။ဒဏ်ရာရရှိသူ ၁၁၃ ဦးအား ဖော်ထုတ်ထားပြီဖြစ်ရာ ၎င်းတို့ထဲတွင် ဆွစ်ဇာလန်နိုင်ငံသား ၇၁ ဦး၊ ပြင်သစ်နိုင်ငံသား ၁၄ ဦး၊ အီတလီနိုင်ငံသား ၁၁ ဦး၊ ဆာဘီယားခြောက်ဦး ပါဝင်ကြောင်း နှင့် အခြားလူခြောက်ဦးကိုလည်း မည်သူ မည်ဝါဖြစ်သည်ကို ဆက်လက်စုံစမ်းနေသည် ။ဒဏ်ရာပြင်းထန်သူ ၅၀ ဦးခန့်ကို ဆေးကုသမှုပေးရန် အခြားဥရောပနိုင်ငံများသို့ ပို့ဆောင်ထားသလို ပို့ဆောင်ရန် စီစဉ်နေသည်များလည်းရှိကြောင်း ရေးနာ့ဒ်က ပြောသည်။မီးလောင်မှုဖြစ်ပွားပြီးနောက် ပျောက်ဆုံးနေသူများ၏ မိသားစုများကလည်း တာဝန်ရှိသူများထံမှာ နောက်ဆုံးရသတင်းများကို စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။ဘား၏မျက်နှာကျက်တွင် တပ်ဆင်ထားသော ပစ္စည်းများမှာ ဆောက်လုပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီ မှုရှိ၊ မရှိ ကို စုံစမ်းစစ်ဆေးသွားမည်ဟုလည်း ရှေ့နေချုပ်ပီးလာ့ဒ်က ပြောကြားပြီး မျက်နှာကျက်မှ အသံလုံသော် လည်း မီးလောင်လွယ်သော ဖော့ပြားများက စည်းကမ်းများနှင့် ကိုက်ညီသလား၊ ခွင့်ပြုချက်ဖြင့် တပ်ဆင်ထားသ လားဆိုသည်ကို အသေအချာ မပြောနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။

news-view-count-icon

22