back

နှစ်လက်မပတ်လည်အရွယ် မြန်မာ့ရိုးရာလက်မှုရွှေရာဆိုင်း (၁၀,ဝဝဝ) ဆိုင်းနှင့် စက်မှုရွှေရာဆိုင်း (၁၅၀,၀၀)ဆိုင်း ဝယ်ယူရန် ဈေးပြိုင်တင်ဒါခေါ်ယူ

Jan 03 • 6:06 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

နှစ်လက်မပတ်လည်အရွယ် မြန်မာ့ရိုးရာလက်မှုရွှေရာဆိုင်း (၁၀,ဝဝဝ) ဆိုင်းနှင့် စက်မှုရွှေရာဆိုင်း (၁၅၀,၀၀)ဆိုင်း ဝယ်ယူရန် ဈေးပြိုင်တင်ဒါခေါ်ယူ

၂၀၂၆ ခုနှစ် အတွင်း ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း လုပ်ငန်းများတွင် အသုံးပြုရန် နှစ်လက်မပတ်လည်အရွယ် ရွှေရာဆိုင်း မြန်မာ့ရိုးရာလက်မှု ရွှေဆိုင်း (၁၀,၀၀၀) ဆိုင်းနှင...

၂၀၂၆ ခုနှစ် အတွင်း ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း လုပ်ငန်းများတွင် အသုံးပြုရန် နှစ်လက်မပတ်လည်အရွယ် ရွှေရာဆိုင်း မြန်မာ့ရိုးရာလက်မှု ရွှေဆိုင်း (၁၀,၀၀၀) ဆိုင်းနှင့် စက်မှုရွှေဆိုင်း (၁၅,၀၀၀) ဆိုင်းကို ဈေးပြိုင်တင်ဒါစနစ်ဖြင့်ဝယ်ယူရန် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က တင်ဒါခေါ်ယူထားသည်။ရွှေဆိုင်းရောင်းချလိုသူများအနေဖြင့် ဈေးပြိုင်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို တစ်စုံလျှင် ကျပ် ၅၀,၀၀၀ နှုန်းဖြင့် ဇန်နဝါရီ ၅ ရက်မှ ၉ ရက်အထိ ဂေါပကအဖွဲ့ရုံး၊ ရွှေနှင့်ရတနာဌာန၌ ရုံးချိန်အတွင်း လာရောက်ဝယ်ယူနိုင်ကြောင်း သိရသည်။တင်ဒါဖွင့်ဖောက်ရွေးချယ်ခြင်းကို ဇန်နဝါရီ ၂၉ ရက် (ကြာသပတေးနေ့) ၊ မွန်းလွဲ ၁ နာရီတွင် ရင်ပြင်တော် တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွါးတော်များ တန်ဆောင်း၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။


news-view-count-icon

28