တောင်ကိုရီးယား သမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးကို နောက်ထပ် ၆ လကြာ ထပ်မံချုပ်နှောင်ထားဖို့ ဒေသန္တရ တရားရုံးတရုံးက အမိန့်အသစ် ထုတ်ပြန်ခဲ့ကြောင်း ယွန်ဟပ်ရုပ်သံသတင်းက ထုတ်လွှင့်ပါတယ်။ဇန်နဝါရီ ၁ ရက်နေ့ ဆိုးလ်ရှိ တရားရုံးဟာ သမ္မတဟောင်းယွန်း ကို ၂၀၂၄ ခုနှစ်က သူ့ရဲ့ မအောင်မြင်တဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကြိုးပမ်းမှုကြောင့် ဖမ်းဆီးဖို့ ဝရမ်းထုတ်ခဲ့ပြီး ဒါဟာ ဒီအမှုကြောင့် ဒုတိယအကြိမ် ထိန်းသိမ်းခံရတာလည်း ဖြစ်ပါတယ်။ဆိုးလ်ဗဟိုခရိုင် တရားရုံးဟာ အထူးအကြံပေး ဂျိုအွန်းဆော့ တောင်းဆိုထားတဲ့ ဖမ်းဝရမ်းကို ပြန်လည်သုံးသပ်မဲ့ ကြားနာမှုပြုလုပ်အပြီး နာရီတွေကြာပြီးနောက်မှာ ယခုလိုအမိန့်ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။
Jan 03 • 5:37 AM
တောင်ကိုရီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


