back

ရှမ်းပြည်၊ဟိုပုံးတွင် ချယ်ရီပန်းများလှပစွာပွင့်လန်းနေဆဲဖြစ်

Jan 03 • 4:22 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်၊ဟိုပုံးတွင် ချယ်ရီပန်းများလှပစွာပွင့်လန်းနေဆဲဖြစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ကျောက်တန်း စံပြကျေးရွာမှာ ချယ်ရီပန်းများလှပစွာပွင့်လန်းနေဆဲဖြစ်တယ်လို့ ဒေသခံတွေထံမ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ကျောက်တန်း စံပြကျေးရွာမှာ ချယ်ရီပန်းများလှပစွာပွင့်လန်းနေဆဲဖြစ်တယ်လို့ ဒေသခံတွေထံမှသိရပါတယ်။အခုနှစ်အပါအဝင် နှစ်စဉ် ချယ်ရီပန်းပွဲတော်တွေကို ဒီဇင်ဘာလနဲ့ဇန်နဝါရီလတွေမှာ ကျင်းပပြုလုပ်လေ့ရှိပြီး လာရောက်လည်ပတ်သူတွေနဲ့ စည်ကားလျက်ရှိတယ်လို့ဆိုပါတယ်။ အဲဒီ့ ချယ်ရီပင်တန်းကို လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က ကျေးရွာသန့်ရှင်းသာယာလှပစေဖို့ ရည်ရွယ်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး အခုအခါမှာတော့ လှပတဲ့ ချယ်ရီပန်းများစွာပွင့်လန်းနေတယ်လို့ သိရပါတယ်။

news-view-count-icon

57