တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၆ ရက်နှင့် ၉ ရက်တို့တွင် မြိတ်မြို့နယ် အင်္ဂမော်ကျေးရွာ၌ တရားမဝင်အခြား သစ် ၃ ဒသမ ၇၅၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၃,၀၀၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ ကော့သောင်းမြို့နယ် ခိုကျွန်းအနီး၌ တရားမဝင် လိုင်စင်မဲ့ငါးဖမ်းရေယာဉ်လေးစင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ဒီဇင်ဘာ ၁၇ ရက်နှင့် ၁၉ ရက်တို့တွင် မြိတ်မြို့နယ်၊ ဘုတ်ပြင်းမြို့နယ်နှင့် ကော့သောင်းမြို့နယ်တို့အတွင်း၌ တရား မဝင် အခြားသစ် ၁၂ ဒသမ ၄၁၄ တန်နှင့် ပေါင် ၆၀ ဝင် မီးသွေးအိတ် ၄၅ အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၂၆,၉၆၀) ကို သစ်တောဥပဒေအရလည်းကောင်း၊ ကော့သောင်းမြို့နယ်အတွင်း၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀,၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၁,၈၈၉,၉၆၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။



