မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပျားရည်များကို ပြည်ပသို့ တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလအထိ ရှစ်လတာကာလအတွင်း မက်ထရစ်တန်ချိန် ၈၃၈ ဒသမ ၂၄ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၅၇ သန်း ရရှိခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။ မြန်မာ့ပျားရည်ကို ဂျပန်နှင့် ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့ထားပြီး ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှ အဓိက တင်ပို့နေခြင်းဖြစ်ကာ ပြည်တွင်း၌ မန္တလေး၊ စစ်ကိုင်း၊ မကွေးနှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံး ထွက်ရှိသည်။ လက်ရှိတွင် ဆီး၊ ပန်းနှမ်း၊ နေကြာနှင့် ပန်းပေါင်းစုံ ပျားရည်အမျိုးအစားများကို ပြည်တွင်းစားသုံးမှုနှင့် ဆေးဝါးဖော်စပ်မှုများအတွက် အသုံးပြုသည့်အပြင် ပြည်ပသို့လည်း နှစ်စဉ် တိုးမြှင့်တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။
မြန်မာ့ပျားရည်ကို ၈ လအတွင်း မက်ထရစ်တန်ချိန် ၈၀၀ ကျော် တင်ပို့ခဲ့ပြီး ဂျပန်နှင့် ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့ထား
Jan 03 • 1:27 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 16 | 0 | 0 | 0 |


