မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာစေရန်နှင့် ခရီးစဉ်ဒေသများ၏ အခြေအနေမှန်ကို သိရှိစေရန် ရည်ရွယ်၍ ခရီးသွားပြပွဲများ ကျင်းပရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။ အဆိုပါပြပွဲများမှတစ်ဆင့် ပုဂ္ဂလိကကဏ္ဍအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန်နှင့် အဓိကခရီးစဉ်ဒေသကြီးများအပြင် အလားအလာရှိသော ခရီးစဉ်ဒေသအသစ်များကိုပါ ဖော်ထုတ်မြှင့်တင်ကြော်ငြာသွားမည်ဖြစ်သည်။ လက်ရှိတွင်လည်း ပြည်တွင်းခရီးသွားကဏ္ဍ ပြန်လည်ဦးမော့လာစေရန် ခရီးစဉ်ဒေသများကို ဆွဲဆောင်မှုရှိစွာ ကြော်ငြာခြင်းနှင့် မြှင့်တင်ရေးလုပ်ငန်းများကို တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
Jan 03 • 1:26 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 27 | 0 | 0 | 0 |


