ခေတ်ကာလပြောင်းလဲလာသည်နှင့်အမျှ လူအများစုသည် ငွေသားထက် Mobile Banking နှင့် Digital Wallet များကို ပိုမိုအသုံးပြုလာကြသဖြင့် ရပ်ကွက်များအတွင်း Kpay နှင့် Wave Money ငွေသွင်းငွေထုတ် လုပ်ငန်းလုပ်ကိုင်သူများ ယခင်ကထက် များပြားလာကြောင်း သိရသည်။ လစာပေးချေခြင်း၊ မီတာဘေလ်နှင့် အထွေထွေကုန်ကျစရိတ်များကို အွန်လိုင်းမှတစ်ဆင့် လုပ်ဆောင်မှုများပြားလာခြင်းကြောင့် ငွေထုတ်/ငွေသွင်း ဝန်ဆောင်မှုအပေါ် ဝယ်လိုအားမြင့်တက်လာကာ တစ်နိုင်တပိုင် အိမ်ရှေ့ဆိုင်များမှအစ လုပ်ငန်းကြီးများအထိ ဝန်ဆောင်မှုပေးလာကြခြင်းဖြစ်သည်။ လက်ရှိတွင် ဝန်ဆောင်ခအနေဖြင့် ငွေတစ်သောင်းလျှင် ၁၀၀ ကျပ်မှ ၂၀၀ ကျပ်ဝန်းကျင်ရှိပြီး၊ လုပ်ကိုင်သူများအနေဖြင့် တစ်ရက်လျှင် အပိုဝင်ငွေ တစ်သောင်းကျပ်အထက် ရရှိနေကြသည့်အတွက် ဆေးဆိုင်၊ ဆန်ဆိုင်နှင့် အခြားအရောင်းဆိုင်များတွင်ပါ အဆိုပါလုပ်ငန်းကို တွဲဖက်လုပ်ကိုင်သူ များပြားလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ဒီဂျစ်တယ်ငွေပေးချေမှုစနစ်သုံးစွဲသူ များပြားလာခြင်းကြောင့် ရပ်ကွက်များအတွင်း Kpay နှင့် Wave Moneyလုပ်ကိုင်သူများလာ
Jan 03 • 1:21 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


