ငရုတ်ခြောက်များတွင် အစိုဓာတ် ၁၀ မှ ၁၁ ရာခိုင်နှုန်းခန့် ရှိနေရုံမျှဖြင့် မှိုပေါက်နိုင်ပြီး အဆိုပါမှိုများ၏ ၇၆ ရာခိုင်နှုန်းမှာ အသည်းကင်ဆာနှင့် ကျောက်ကပ်ကင်ဆာတို့ကို ဖြစ်စေနိုင်သည့် Aflatoxin (အာဖလာတော့ဆင်) မှိုဆိပ်ကို ထုတ်လုပ်ပေးကြောင်း စိုက်ပျိုးရေးပညာရှင် ဒေါ်စိမ့်ရည်ထက်က သုတေသနအထောက်အထားများနှင့်တကွ သတိပေးပြောကြားခဲ့သည်။ ဝမ်းတွင်းနှင့် ကျောက်ဆည်ဒေသတို့တွင် ပြုလုပ်ခဲ့သည့် လေ့လာမှုများအရ ငရုတ်သီးကို အလေးချိန်ပိုရစေရန် လုံလောက်အောင်မလှန်းဘဲ ရောင်းချခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့် ပွဲရုံအဆင့်ဆင့်တွင် ရေဖြန်းခြင်းနှင့် ကြိတ်ခွဲမှုအပိုင်း၌ သန့်ရှင်းမှုမရှိခြင်းတို့ကြောင့် မှိုဆိပ်ပါဝင်မှုနှုန်းမှာ FDA ၏ သတ်မှတ်ချက်ကို ကျော်လွန်နေသည်ကို တွေ့ရှိရခြင်းဖြစ်သည်။ အဆိုပါမှိုဆိပ်သည် အသည်းပျက်စီးခြင်း၊ ကလေးငယ်များ ကြီးထွားမှုနှောင့်နှေးခြင်းနှင့် ကိုယ်ခံအားစနစ် ကျဆင်းခြင်းတို့ကို ဖြစ်စေနိုင်သည့်အတွက် စားသုံးသူများအနေဖြင့် အထူးသတိပြုရန် လိုအပ်ကြောင်း သိရှိရပါသည်။
ငရုတ်ခြောက်တွင် အစိုဓာတ် ၁၀ ရာခိုင်နှုန်းခန့်ရှိရုံဖြင့် ကင်ဆာဖြစ်စေနိုင်သော မှိုဆိပ်များ ပေါက်ပွားနိုင်
Jan 03 • 1:19 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 31 | 0 | 0 | 0 |


