back

လာအိုမှ ထိုင်းနိုင်ငံသို့ ပို့ဆောင်သည့် တန်ဖိုးနည်းကုန်စည်များအပေါ် သွင်းကုန်ခွန် စတင်ကောက်ခံတော့မည်

Jan 02 • 6:31 AM

breaking-news

လာအို

ပြည်တွင်းသတင်း

cover

လာအိုမှ ထိုင်းနိုင်ငံသို့ ပို့ဆောင်သည့် တန်ဖိုးနည်းကုန်စည်များအပေါ် သွင်းကုန်ခွန် စတင်ကောက်ခံတော့မည်

လာအိုနိုင်ငံ စာတိုက်လုပ်ငန်းသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ ထိုင်းနိုင်ငံသို့ ပို့ဆောင်မည့် တန်ဖိုး ဘတ် ၁ စုမှ ၁,၅၀၀ အတွင်း (အမေရိကန်ဒေါ်လာ ၀.၀၃ မှ ၄၄ ခန့်) ရ...

လာအိုနိုင်ငံ စာတိုက်လုပ်ငန်းသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ ထိုင်းနိုင်ငံသို့ ပို့ဆောင်မည့် တန်ဖိုး ဘတ် ၁ စုမှ ၁,၅၀၀ အတွင်း (အမေရိကန်ဒေါ်လာ ၀.၀၃ မှ ၄၄ ခန့်) ရှိသော ကုန်စည်များနှင့် ပါဆယ်ထုပ်များအပေါ် သွင်းကုန်ခွန် စတင်ကောက်ခံတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ သို့သော် တန်ဖိုး ဘတ် ၁ အောက်ရှိသော ပို့ဆောင်မှုများနှင့် စာရွက်စာတမ်းများမှာမူ အခွန်ကင်းလွတ်ခွင့် ဆက်လက်ရရှိမည်ဖြစ်သည်။ ယခုဆုံးဖြတ်ချက်သည် အွန်လိုင်းမှ ဝယ်ယူသည့် တန်ဖိုးနည်းကုန်စည်များအပေါ် အခွန်ကင်းလွတ်ခွင့်ပေးခြင်းကို ရပ်ဆိုင်းရန် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလက ထိုင်းအကောက်ခွန်ဌာန၏ ဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

26