ဆီးဂိမ်းနှင့် နိုင်ငံတကာပွဲစဉ်များကြောင့် ရပ်နားထားရာမှ ပြန်လည်စတင်ခဲ့သည့် Myanmar Women League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ Week-11 ပွဲစဉ်များအပြီးတွင် ISPE အသင်းက ရမှတ် ၂၅ မှတ်ဖြင့် ဇယားထိပ်ဆုံးမှ ဦးဆောင်နေသည်။ ၎င်း၏နောက်တွင် ဧရာဝတီအသင်းက ၂၄ မှတ်၊ ရန်ကုန်ယူနိုက်တက်က ၂၀ မှတ်တို့ဖြင့် အသီးသီးရပ်တည်နေပြီး ရှမ်းယူနိုက်တက်၊ သစ္စာအားမာန်နှင့် Y.E.R.O အသင်းတို့က အစဉ်လိုက်လိုက်ပါလျက်ရှိကာ ရန်ကုန်စီးတီးအသင်းမှာမူ ရမှတ်မရှိသေးဘဲ ဇယားအောက်ဆုံးတွင် ရှိနေသည်။ စုစုပေါင်း အသင်း ၉ သင်းဖြင့် အကြိတ်အနယ်ယှဉ်ပြိုင်နေသည့် ယခုပြိုင်ပွဲ၏ ဧရာဝတီနှင့် ရန်ကုန်စီးတီးပွဲစဉ်သို့လည်း ပရိသတ်များစွာ လာရောက်အားပေးခဲ့ကြောင်း သိရှိရပါသည်။
Jan 02 • 6:30 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


