ထိုင်းနိုင်ငံတွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အထိ ကျင်းပမည့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ ရေကူး၊ ပြေးခုန်ပစ်နှင့် စစ်တုရင် အပါအဝင် အားကစားနည်း ၁၁ နည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ရန်ကုန်မြို့တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည်။ အဆိုပါအားကစားသမားများနှင့် နည်းပြများအား ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်တွင် တွေ့ဆုံ၍ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန် အစွမ်းကုန်ကြိုးစားကြရန်နှင့် ထူးချွန်စွာအောင်မြင်သူများကို နိုင်ငံတော်က ထိုက်တန်စွာ ဆုချီးမြှင့်မည်ဖြစ်ကြောင်း အားပေးမှာကြားခဲ့သည်။ ထို့ပြင် ဝန်ကြီးသည် ပြိုင်ပွဲတွင် အသုံးပြုမည့် အထောက်အကူပြုပစ္စည်းများနှင့် ဝတ်စုံများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။
၁၃ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း ၁၁ နည်း ဝင်ရောက်ယှဉ်ပြိုင်မည်
Jan 02 • 5:00 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


