ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံဌာန၌ နိုင်ငံရေးသိပ္ပံဒီပလိုမာ (DPS) သင်တန်းကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ဘွဲ့ရရှိသူမည်သူမဆို ဇန်နဝါရီ ၅ ရက်မှ ၁၂ ရက်အတွင်း ဝေသာလီဆောင်၌ လူကိုယ်တိုင် လျှောက်ထားနိုင်ပါသည်။ သင်တန်းကာလမှာ ၉ လကြာမြင့်မည်ဖြစ်ပြီး အပတ်စဉ် တနင်္လာမှ သောကြာနေ့အထိ နံနက် ၇ နာရီမှ ၉ နာရီအထိ တက်ရောက်ရမည်ဖြစ်ကာ နိုင်ငံရေးသဘောတရားများ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် နိုင်ငံတကာနိုင်ငံရေးဘာသာရပ်များကို အထူးပြုလေ့လာရမည်ဖြစ်ကြောင်း သိရသည်။
Jan 02 • 3:23 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 43 | 0 | 0 | 0 |


