ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၌ ကျင်းပလျက်ရှိသော (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် MSME ဈေးရောင်းပွဲတော်ကာလအတွင်း စားအုန်းဆီ ပိဿာချိန် စုစုပေါင်း ၃၅,၀၀၀ ကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သိရသည်။ အဆိုပါပွဲတော်ကို ဒီဇင်ဘာ ၃၁ ရက်မှ ဇန်နဝါရီ ၄ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ တစ်ရက်လျှင် ပိဿာချိန် ၇,၀၀၀ နှုန်းဖြင့် လူတစ်ဦးကို ၂ ပိဿာခွဲပါ ဆီနှစ်ဘူးအား တစ်ဘူးလျှင် ၁၉,၅၀၀ ကျပ် (ဘူးဖိုးအပါအဝင်) ဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်။ ပွဲတော်အတွင်း စားအုန်းဆီကို ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရုံသာမက စတုဒိသာကျွေးမွေးခြင်းနှင့် တေးဂီတဖျော်ဖြေပွဲများပါ ထည့်သွင်းကျင်းပနေသဖြင့် ဇန်နဝါရီ ၁ ရက်နေ့ ညပိုင်းတွင် လာရောက်သူပြည်သူများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရှိရပါသည်။
Jan 02 • 3:18 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 29 | 0 | 0 | 0 |


