back

၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသမီး)ထုပ်ဆီးတိုးနှင့်(အမျိုးသား၊ အမျိုးသမီး) လွန်ဆွဲပြိုင်ပွဲများ စတင်ကျင်းပ

Jan 01 • 6:17 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသမီး)ထုပ်ဆီးတိုးနှင့်(အမျိုးသား၊ အမျိုးသမီး) လွန်ဆွဲပြိုင်ပွဲများ စတင်ကျင်းပ

နေပြည်တော်တွင်ဒီဇင်ဘာ ၃၁ရက်ကအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ (အမျိုး...

နေပြည်တော်တွင်ဒီဇင်ဘာ ၃၁ရက်က

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသမီး) ထုပ်ဆီးတိုးပြိုင်ပွဲများနှင့် (အမျိုးသား၊ အမျိုးသမီး) လွန်ဆွဲပြိုင်ပွဲများကို ယနေ့နံနက် ၇ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၄)၌ ကျင်းပရာ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ထုပ်ဆီးတိုး(အမျိုးသမီး) ပြိုင်ပွဲများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းက ဥပဒေရေးရာဝန်ကြီးဌာနအသင်းကို (၇၄)မှတ် (၂) မှတ်ဖြင့်လည်းကောင်း၊ အမျိုးသားစီမံကိန်း ဝန်ကြီးဌာနအသင်းက စွမ်းအင်ဝန်ကြီးဌာနအသင်းကို (၁၀)မှတ် ငါးမှတ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းက တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အသင်းကို ၇၂ မှတ် သုံးမှတ်ဖြင့် လည်းကောင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းက ဘဏ္ဍာရေး နှင့်အခွန်ဝန်ကြီးဌာန အသင်းကို ၉၃ မှတ် ၀ မှတ်ဖြင့်လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနအသင်းကသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းကို ၁၀၈ မှတ် ၀ မှတ်ဖြင့်လည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်း က ကျန်းမာရေးဝန်ကြီးဌာန အသင်းကို ၂၇ မှတ် ၁၆ မှတ်ဖြင့် လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိ ကြသည်။လွန်ဆွဲ(အမျိုးသမီး)ပြိုင်ပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ် ဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထား ရေးဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာန အသင်း ကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအသင်းက သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ် ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက တရားလွှတ်တော်ချုပ် ရုံးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာနအသင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိကြသည်။၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက် ၇ နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေး ကွင်း အမှတ်(၄)၌ ထုပ်ဆီးတိုး (အမျိုးသမီး) ပွဲစဉ်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အသင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအသင်းနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်း၊ အမျိုးသားစီမံကိန်း ဝန်ကြီးဌာနအသင်းနှင့် အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။


news-view-count-icon

24