back

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ၌ ဆုတံဆိပ် (၇၂) ခုရရှိခဲ့ကာနိုင်ငံအလိုက်အဆင့်ရပ်တည်မှုကို ဆက်လက်ထိန်းနိုင်ခဲ့

Jan 01 • 6:09 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ၌ ဆုတံဆိပ် (၇၂) ခုရရှိခဲ့ကာနိုင်ငံအလိုက်အဆင့်ရပ်တည်မှုကို ဆက်လက်ထိန်းနိုင်ခဲ့

ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပသည့် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၃၈) နည်းဖြင့် ဝင်ရောက်ယ...

ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပသည့် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၃၈) နည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။အဆိုပါပြိုင်ပွဲတွင် ရွှေတံဆိပ် (၃) ခု၊ငွေတံဆိပ် (၂၁) ခုနှင့် ကြေးတံဆိပ် (၄၈) ခု စုစုပေါင်း (၇၂) ခု ရရှိခဲ့ပြီး နိုင်ငံအလိုက်အဆင့်ရပ်တည်မှုကို ဆက်လက်ထိန်းနိုင်ခဲ့ကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ပြောသည်။ယမန်နေ့က ကျင်းသည့် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်နှင့် ပတ်သက်ပြီး ပြန်လည်သုံးသပ်ညှိနှိုင်းအစည်းဝေးတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။


news-view-count-icon

35