back

မိုင်ဂျာယန်မှာ လူသတ်မှုနဲ့ အကျဉ်းကျနေသူနှစ်ဦး အခန်းနံရံဖောက်ပြီး ထွက်ပြေးလွတ်မြောက်

Dec 31 • 4:29 PM

breaking-news

မြန်မာ

ကချင်

cover

မိုင်ဂျာယန်မှာ လူသတ်မှုနဲ့ အကျဉ်းကျနေသူနှစ်ဦး အခန်းနံရံဖောက်ပြီး ထွက်ပြေးလွတ်မြောက်

ကချင်ပြည်နယ် မိုးမောက်မြို့နယ် မိုင်ဂျာယန်ထောင်ကြီးမှာ လူသတ်မှုနဲ့ အကျဉ်းကျနေသူ နှစ်ဦးက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက် မနက်အစောပိုင်းမှာ တခြားအကျဉ်းသားတွေကိုပါ ခြိမ...

ကချင်ပြည်နယ် မိုးမောက်မြို့နယ် မိုင်ဂျာယန်ထောင်ကြီးမှာ လူသတ်မှုနဲ့ အကျဉ်းကျနေသူ နှစ်ဦးက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက် မနက်အစောပိုင်းမှာ တခြားအကျဉ်းသားတွေကိုပါ ခြိမ်းခြောက်ပြီး အခန်းနံရံ ထွင်းဖောက်ထွက်ပြေးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ အဲဒီ လူသတ်တရားခံ ၂ ဦးဟာ ၎င်းတို့ ထွက်ပြေးဖို့ ပြင်ဆင်နေကြောင်းကို လုံးဝမပြောဖို့နဲ့ ပြောပါက အားလုံးကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားပြီး ထောင်ဖောက်ဖို့ သုံးရက်နီးပါးအကြာ အချိန်ယူပြင်ဆင်နေခဲ့တာလို့ ဆိုပါတယ်။ လက်ရှိမှာ ထောင်ဖောက်ထွက်ပြေးသွားတဲ့ အဲဒီလူသတ်တရားခံ ၂ ဦးကို သက်ဆိုင်ရာက လိုက်လံရှာဖွေနေပြီး ပြန်လည်ဖမ်းမိတာတော့ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 



news-view-count-icon

22