ဗဟန်းမြို့နယ်မြန်မာပလာဇာ ကားပါကင်မှာဩဂုတ်၅ရက်နေ့ကဖြစ်ခဲ့တဲ့ဒေါ်စန်းစန်းအေးဆိုသူအမျိုးသမီးအသတ်ခံရမှုမှတရားခံနှစ်ယောက်ကိုဒီနေ့ဒီဇင်ဘာ၃၀ရက်မှာမသေမချေင်းကြိုးကွင်းစွပ်သေမိန့်ချမှတ်လိုက်ပြီဖြစ်တယ်လို့ပြောပါတယ်။လူသတ်မှုကျူးလွန်သုမြတ်သူရကျော်ဟာသေဆုံးသူဒေါ်စန်းစန်းအေးနဲ့စီးပွားရေးအကျိုးတူလုပ်ကိုင်သူဖြစ်ပြီးအကြွေးပြန်မဆပ်နိုင်တဲ့အတွက်ပြစ်မှုကျူးလွန်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။



