၂၀၂၅-၂၀၂၆ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဥ် (၁၁) ကို ဒီဇင်ဘာ (၂၈၊ ၂၉၊ ၃၀) ရက်များက ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အမှတ်ပေးဇယားထိပ်ဆုံးက ISPE နဲ့ ဧရာဝတီအသင်းတို့ နိုင်ပွဲကိုယ်စီ ရရှိခဲ့ကြပါတယ်။ပွဲစဥ် (၁၁) မှာ ရှမ်းယူနိုက်တက်အသင်းက YREO အသင်းကို (၃-၀) ဂိုး၊ ရန်ကုန်ယူနိုက်တက်အသင်းက Young Lionesses အသင်းကို (၃-၀) ဂိုး၊ ဧရာဝတီအသင်းက ရန်ကုန်စီတီးအသင်းကို (၂-၀) ဂိုး၊ ISPE အသင်းက သစ္စာအားမာန်အသင်းကို (၁-၀) ဂိုးတို့နဲ့ အနိုင်ရရှိခဲ့ကြတာဖြစ်ပါတယ်။ ပွဲစဥ် (၁၁) အပြီးမှာ ISPE အသင်းက (၁၀) ပွဲကစား၊ (၈) ပွဲနိုင်၊ (၁) ပွဲသရေ၊ (၁) ပွဲရှုံး၊ ရမှတ် (၂၅) မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးက ဆက်လက်ဦးဆောင်နေပြီး ဧရာဝတီအသင်းက (၁၀) ပွဲကစား၊ (၇) ပွဲနိုင်၊ (၃) ပွဲသရေ၊ ရမှတ် (၂၄) မှတ်နဲ့ ဒုတိယနေရာကနေ လိုက်ကာ ဖိအားပေးနေလျက်ရှိပါတယ်။



