back

သန်လျင်တွင် အိမ်ရှေ့တံမြက်စည်းလှဲနေသော အမျိုးသမီးတစ်ဦးအား ဓားနဲ့ လှီး၍ ဆွဲကြိုးလုယက်မှုဖြစ်ပွား

Dec 31 • 7:00 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

သန်လျင်တွင် အိမ်ရှေ့တံမြက်စည်းလှဲနေသော အမျိုးသမီးတစ်ဦးအား ဓားနဲ့ လှီး၍ ဆွဲကြိုးလုယက်မှုဖြစ်ပွား

အိမ်ရှေ့တံမြတ်စည်းလှဲနေသော အမျိုးသမီးတစ်ဦးကို ဓားနှင့်လှီး၍ ဆွဲကြိုးလုယက်မှု ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်တွင် ယနေ့နံနက်က ဖြစ်ပွား...

အိမ်ရှေ့တံမြတ်စည်းလှဲနေသော အမျိုးသမီးတစ်ဦးကို ဓားနှင့်လှီး၍ ဆွဲကြိုးလုယက်မှု ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်တွင် ယနေ့နံနက်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများမှ သိရ သည်။ယနေ့ ဒီဇင်ဘာ ၃၁ ရက် နံနက် ၄ နာရီအချိန်ခန့်ကဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွားရာနေရာသို့ ဒေသခံလူမှုကူညီရေးအသင်းများ ရောက်ရှိချိန်တွင် ဆွဲကြိုးလုယက်ခံရသည့် အမျိုးသမီးတစ်ဦးမှာ နှာခေါင်းအောက်၊ နှုတ်ခမ်းအောက်တွင် ဓားဖြင့် လှီးဖြတ်ထားသည့် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်သည်။အဆိုပါ ဓားဒဏ်ရာများရရှိခဲ့သည့် အမျိုးသမီးတစ်ဦးကို လူမှုကူညီရေးအသင်းယာဉ်ဖြင့် သန်လျင်ဆေးရုံမှတဆင့် ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ် ကူညီပို့ဆောင်ပေးခဲ့ကြောင်း၊ တာဝန်ရှိသူများမှလည်း ဓားဖြင့် ထိုးသွားသည့်တရားခံကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

51