back

ရန်ကုန်မြို့ရှိ မြန်မာပလာဇာကားပါကင်တွင် လူသတ်မှုကျူးလွန်သူ နှစ်ဦးအား ကမာရွတ်ခရိုင်တရားရုံးက သေဒဏ်အမိန့်ချမှတ်

Dec 31 • 4:30 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့ရှိ မြန်မာပလာဇာကားပါကင်တွင် လူသတ်မှုကျူးလွန်သူ နှစ်ဦးအား ကမာရွတ်ခရိုင်တရားရုံးက သေဒဏ်အမိန့်ချမှတ်

ရန်ကုန်မြို့၊ မြန်မာပလာဇာ ကားပါကင်တွင် ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် အမျိုးသမီးတစ်ဦးအား ဓားဖြင့်ထိုးသတ်ခဲ့သည့် အမှုဖြစ်စဉ်၌ တရားခံများဖြစ်ကြသော...

ရန်ကုန်မြို့၊ မြန်မာပလာဇာ ကားပါကင်တွင် ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် အမျိုးသမီးတစ်ဦးအား ဓားဖြင့်ထိုးသတ်ခဲ့သည့် အမှုဖြစ်စဉ်၌ တရားခံများဖြစ်ကြသော မြတ်သူရကျော်နှင့် မျိုးလွင်ဦး တို့ကို ကမာရွတ်ခရိုင်တရားရုံးက ယနေ့ (ဒီဇင်ဘာ ၃၀ ရက်) တွင် သေဒဏ် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးသည် ဆောက်လုပ်ရေးလုပ်ငန်းအတွက် ငွေကြေးလိုအပ်ချက်ကြောင့် အကြွေးဆပ်ရန် ဒေါ်စမ်းစမ်းအေးကို ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်ပြီး၊ အတူပါလာသည့် အမျိုးသားတစ်ဦးကိုလည်း ဒဏ်ရာရရှိစေခဲ့သဖြင့် လူသတ်မှုပုဒ်မ ၃၀၂ အပါအဝင် သက်ဆိုင်ရာပုဒ်မများဖြင့် အမှုဖွင့်စစ်ဆေးခံခဲ့ရခြင်းဖြစ်သည်။ သေဆုံးသူ၏ သမီးဖြစ်သူက မိခင်အတွက် တရားမျှတမှု ရရှိပြီဖြစ်ကြောင်း လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

news-view-count-icon

25