နေပြည်တော်တွင် Naypyitaw State Academy၊ စီးပွားရေးပညာ မဟာဌာန၏ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို အဆိုပါတက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမ၌ ဒီဇင်ဘာ ၂၉ ရက်က နှစ်ပိုင်းခွဲ၍ ကျင်းပရာ Naypyitaw State Academy ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ (ဌာနမှူး) များ၊ ဆရာ ဆရာမများ၊ သင်တန်း၊ စီမံမှတာဝန်ရှိသူများ၊ ဝါဏိဇ္ဇဗေဒ၊ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု ပညာ၊ စာရင်းအင်းပညာ၊ ဘောဂဗေဒ၊ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုစီမံခန့်ခွဲမှုပညာနှင့် စီးပွားရေးပညာအထူးပြု ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။Naypyitaw State Academy တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ သံတမန်ရေးရာ၊ စာကြည့်တိုက်နှင့် သုတပညာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ နျူကလီးယားရူပဗေဒ၊ ကုန်ထုတ်ဓာတုဗေဒ၊ ဘောဂဗေဒ၊ ဝါဏိဇ္ဇဗေဒ၊ စာရင်းအင်းပညာ၊ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ၊ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုစီမံခန့်ခွဲမှုပညာ၊ စီးပွားရေးပညာ၊ ဥပဒေပညာ၊ လူမှုရေးပညာ၊ အားကစားပညာနှင့် ဆေးပညာအထူးပြုဘာသာရပ်များ၏ ပထမနှစ်မှ နောက်ဆုံးနှစ်ဂုဏ်ထူးတန်းအထိ ဘွဲ့ကြိုသင်တန်းများ၊ မဟာအရည်အချင်းစစ်သင်တန်းနှင့် မဟာဘွဲ့သင်တန်းများကို ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။



