လက်ရှိအချိန်တွင် မြန်မာ့ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ရုရှားနှင့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နေကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ပြောကြားခဲ့သည်။စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စ မာကျားအား ဒီဇင်ဘာ ၃၀ ရက်၊နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ စွမ်းအင်ဝန်ကြီးဌာန အောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ) ၌ လက်ခံတွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။



