(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် သီဟဒီပအားကစားခန်းမ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါသီဟဒီပအားကစားခန်းမ၌ ကျင်းပသည်။ အားကစားခန်းမတည်ဆောက်သည့် Mettle Zone Co.,Ltd မှ တာဝန်ရှိသူများက အားကစားခန်းမဆိုင်ရာ စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးက လက်ခံရယူပြီး Fitness Dance ၊ မြန်မာ့သိုင်း၊ တိုက်ကွမ်ဒို၊ ကျွမ်းဘား၊ ရိုးရာခြင်းလုံးအားကစားအဖွဲ့များက သရုပ်ပြဖျော်ဖြေကြကာ ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မသန်စွမ်းအားကစားအဖွဲ့ချုပ်၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အထိ ထိုင်းနိုင်ငံတွင် ကျင်းပမည့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် အားကစားနည်း ၁၉ နည်း ထည့်သွင်းကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ရေကူး၊ ပြေးခုန်ပစ်၊ စစ်တုရင်၊ အလေးမ၊ ဂိုးလ်ဘော၊ ဘောလုံး၊ ဘော်လီဘော၊ စားပွဲတင်တင်းနစ်၊ သေနတ်ပစ်၊ ဘိုစီယာနှင့် ဘိုးလင်း စသည့်အားကစားနည်း ၁၁ နည်းတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိပါတယ်။



