back

ပထမဆုံး ကုန်းတွင်း စစ်ဆင်ရေးအဖြစ် ဗင်နီဇွဲလား ဆိပ်ကမ်းကို အမေရိကန် စတိုက်

Dec 31 • 2:36 AM

breaking-news

မြန်မာ

ပြည်ပ

cover

ပထမဆုံး ကုန်းတွင်း စစ်ဆင်ရေးအဖြစ် ဗင်နီဇွဲလား ဆိပ်ကမ်းကို အမေရိကန် စတိုက်

ဗင်နီဇွဲလားနိုင်ငံကို ကုန်းတွင်းစစ်ဆင်ရေး ဆင်နွှဲရန် အမေရိကန်က ကြုံးဝါးထားသည့်အတိုင်း ဒီဇင်ဘာ ၂၉ ရက်တွင် ဆိပ်ကမ်းနေရာအား ပထမဆုံး စတင် တိုက်ခိုက်ခဲ့ပြီး ယင်းတွင်...

ဗင်နီဇွဲလားနိုင်ငံကို ကုန်းတွင်းစစ်ဆင်ရေး ဆင်နွှဲရန် အမေရိကန်က ကြုံးဝါးထားသည့်အတိုင်း ဒီဇင်ဘာ ၂၉ ရက်တွင် ဆိပ်ကမ်းနေရာအား ပထမဆုံး စတင် တိုက်ခိုက်ခဲ့ပြီး ယင်းတွင် အမေရိကန်သို့ ပို့မည့် မူးယစ်ဆေးဝါးများ တင်ဆောင်သောလှေ၊ သင်္ဘောများ အားလုံးကို အတိအကျ ပစ်ခတ်နိုင်ခဲ့သည်ဟု သမ္မတဒေါ်နယ်ထရမ့်က အတည်ပြု ထုတ်ပြန်ခဲ့သည်။သတင်းများအရ ယင်းတိုက်ခိုက်မှုကို CIA က ဦးဆောင်ဆင်နွှဲသည်ဟု သိရသော်လည်း မည်သည့်အဖွဲ့မှ မည်သို့ စီစဉ် တိုက်ခိုက်ခဲ့သည်ကို ဒေါ်နယ်ထရမ့်က ထုတ်ပြန်ခြင်းမရှိဘဲ ပေါက်ကွဲမှုများ ပြင်းထန်စွာ ဖြစ်ပွားကာ မူးယစ်ဆေးဝါးများ တင်ဆောင်ထားသည့် သင်္ဘာများ အားလုံး ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ယင်းအပြင် မြေပြင်ဧရိယာ အ လိုက် ပစ်ခတ် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ ဖြစ်စဉ်တိုင်းကို အတိအကျ သိသော်လည်း အတိအကျ ထုတ်မပြောလိုဟု ဒေါ် နယ်ထရမ့်က Mar - a -Lago စံအိမ်၌ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် တွေ့ဆုံစဉ် မီဒီယာများအား ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။ယင်းဆိပ်ကမ်းနေရာနှင့် တိုက်ခိုက်သည့် ရုပ်သံများကိုလည်း အမေရိကန်ဘက်က မထုတ်ပြန်ခဲ့ဘဲ Tren de Aragua မူးယစ်ဂိုဏ်းမှ မူးယစ်လှေများနှင့် ဆိပ်ကမ်းကို တိုက်ခိုက်ခြင်း ဖြစ်သည်ဟုသာ သတင်းများက ဖော်ပြခဲ့သည်။ ဗုံးကြဲ တိုက်ခိုက်မှု ထိရောက် အောင်မြင်သော်လည်း သေဆုံးမှုမရှိဟုလည်း သိရသည်။



news-view-count-icon

28