လွန်ခဲ့သည့် ၁၁ နှစ်က အိန္ဒိယ သမုဒ္ဒရာအတွင်း ပျက်ကျကာ ယခုအထိ ရှာမတွေ့နိုင်တော့သော မလေးရှား လေကြောင်းလိုင်းမှ MH370 လေယာဉ်ကို နောက်ဆုံးအဖြစ် ရှာဖွေမှုအား ယမန်နေ့ ဒီဇင်ဘာ ၃၀ ရက်တွင် ပြန်လည် စတင်ခဲ့ပြီး ယင်းအတွက် ပေါင်သန်း ၅၀ အသုံးပြုမည် ဖြစ်ကြောင်း သိရသည်။လူပေါင်း ၂၃၉ ယောက်ပါဝင်ခဲ့သော ယင်းလေယာဉ်ပျက်ကျမှုတွင် ပါဝင်သူများ၏ မိသားစုဝင်များအား နှစ်သိမ့်နိုင်စေရေး နောက်ဆုံးအကြိမ် အဖြစ် ရှာဖွေမှု စီမံကိန်းဖြစ်ကာ အဆင့်အမြင့်ဆုံး ရေအောက်ရှာဖွေရေး စက်ကိရိယာများကို အသုံးပြုမည် ဖြစ်သည်။အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းဒေသတွင် ရှာဖွေမည်ဖြစ်ရာ အမေရိကန်ရေတပ်မှ Bluefin - 21 မောင်းသူမဲ့ ရေအောက်ယာဉ်များ၊ ခြေရာခံမှုအမြင့်ဆုံး ရေအောက် ဆိုနာများဖြင့် ပင်လယ်ကြမ်းပြင် အောက်အထိ စေလွှတ်ကာ စနစ်အကျဆုံး ရှာဖွေသွားမည် ဖြစ်သည်။ ယခင် ၅၅ ရက်ကြာ ရှာဖွေမှုတွင်လည်း မည်သည့်သဲလွန်စမှ မရသဖြင့် နောက် ၂ လလုံး အစွမ်းကုန် အားထုတ်ကာ အဆင့်အမြင့်ဆုံး နည်းပညာများဖြင့် ရှာဖွေမှုအတွက် ပေါင် ၅၆ သန်း ကုန်ကျမည်ဟုလည်း သိရသည်။ ယင်း Boeing 777 အမျိုးအစား MH370 လေယာဉ်သည် ၂၀၁၄ ခုနှစ်က ကွာလာလမ်ပူမှ ပေကျင်းသို့အသွား ပျောက် ဆုံးသွားခြင်းဖြစ်ကာ ယခု ၅၅ ရက်ကြာ နောက်ဆုံးရှာဖွေမှုအား အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်း စတုရန်းမိုင် ၅,၇၉၀ မိုင်တွင် ရှာဖွေသွားမည်ဟုလည်း သိရသည်။ယခုတစ်ကြိမ်ရှာဖွေမှုမှာ တတိယအကြိမ် ဖြစ်ပြီး ယခင်က အပျက်အစီး အပိုင်းအစ ၃၃ ခုအား သမုဒ္ဒရာ နေရာများစွာ၌ တွေ့ရသော်လည်း MH370 လေယာဉ်မှ အပျက်အစီး အပိုင်းအစဟု သက်သေ မပြနိုင်ခဲ့ပေ။



