မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ ဧရာဝတီမြစ်ကမ်းနားတစ်လျှောက် အဏ္ဏဝါအမှိုက်သရိုက် ညစ်ညမ်းမှုများ ကင်းဝေးစေရန်အတွက် ယနေ့ ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းက ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အပါအဝင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဝင်များက စုပေါင်းအမှိုက်ကောက်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ ပူးပေါင်းအဖွဲ့သည် မြစ်ကမ်းတစ်လျှောက်ရှိ အမှိုက်များကို ရှင်းလင်းခဲ့ကြသည့်အပြင် MOGE ဆိပ်ကမ်းရှိ ရေယာဉ်များပေါ်တွင် အသိပညာပေး ဗီနိုင်းများကပ်ခြင်း၊ လူစည်ကားရာနေရာများတွင် အမှိုက်ပုံးများ ထားရှိပေးခြင်းနှင့် ဈေးဆိုင်များတွင် ပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Dec 31 • 1:56 AM
မြန်မာ
မကွေး
မျှဝေမည်
| 18 | 0 | 0 | 0 |


